OWIC ကတ်နဲ့ ပြည်ပထွက်ချင်သူတွေ အခက်အခဲ
အလုပ်လုပ်ကိုင်ခွင့် နိုင်ငံကူးလက်မှတ် (PJ) နဲ့ ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားသူတွေ အနေနဲ့ အလုပ်ဗီဇာနဲ့ပါမစ်မရှိဘဲ နိုင်ငံခြားထွက်ချင်ရင်အလည်အပတ် နိုင်ငံကူး လက်မှတ် (PV) အမျိုးအစားကို ပြောင်းကြဖို့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စစ်မှုထမ်းအသက်အကြုံးဝင်တဲ့ လူငယ်တွေကို PJ ကနေ PVပြောင်းမပေးတာ ပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်ပါတယ်။ အမျိုးမျိုးသော ကန့်သတ်ချက်တွေကြောင့် ပြည်ပထွက်ခွာမဲ့ လူငယ်တွေအပါအဝင် အားလုံးအပေါ် ဘယ်လို သက်ရောက်မှုတွေရှိ လာနိုင်ပါသလဲ။ မရွှေပိုးနီက ပြောပြမှာပါ။





