အီရတ် အကြီးဆုံး ရေနံစက်ရုံကို ဆွန်နီတွေ သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
အီရတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ဆွန်နီ တိုက်ခိုက်ရေး သမားတွေ သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေရရှိပါတယ်။
ပြီးခဲ့တဲ့ညက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စက်ရုံကို စစ်သွေးကြွတွေ ထိန်းချုပ်ထားလိုက်ပြီလို့ ဘေဂျီ Baiji မှာ ရှိတဲ့ ရေနံချက် စက်ရုံ တာဝန်ခံတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။
အီရတ် စစ်တပ်ကတော့ တန်ပြန် တိုက်ခိုက်ရာမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို သုံးခဲ့တယ်လို့ သိရပါတယ်။
သူတို့ ပစ်လိုက်တဲ့ မီဆိုင်း ဒုံးကျည် တစ်ခုက ရေနံ သိုလှောင် တိုင်ကီ တစ်ခုကို ထိမှန်သွားခဲ့ပါတယ်။
ဘေဂျီ ရေနံချက် စက်ရုံဟာ အီရတ် ပြည်တွင်းသုံး လောင်စာဆီ ပမာဏ အတော်များများကို ထုတ်လုပ်တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက် အနည်းငယ်အတွင်းကတော့ စက်ရုံကနေ ထုတ်လုပ်မှုတွေ ပိတ်ထားခဲ့ပြီး ကြိုတင် ကာကွယ်တဲ့ အနေနဲ့ နိုင်ငံခြားသား စက်ရုံ ဝန်ထမ်း တွေကိုလည်း ထွက်ခွာစေခဲ့ပါတယ်။




