အီရတ်ကို အမေရိကန် စစ်မှုထမ်းတွေ လွှတ်မယ်

အမေရိကန် သမ္မတ အိုဘားမားက အီရတ်နိုင်ငံမှာ ဆွန်နီ လက်နက်ကိုင်တွေ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်လာနေတဲ့အတွက် အမေရိကန် အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ အီရတ်နိုင်ငံကို အမေရိကန် စစ်မှုထမ်း ၂၇၅ ဦး စေလွှတ်မယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ကွန်ဂရက် ခေါင်းဆောင်တွေဆီ တင်ပြတဲ့ စာထဲမှာ သမ္မတ အိုဘားမားက အမေရိကန် နိုင်ငံသားတွေနဲ့ ဥစ္စာ ပိုင်ဆိုင်မှုတွေကို ကာကွယ် စောင့်ရှောက်ဖို့အတွက် လိုလိုမယ်မယ် အဲဒီတပ်ဖွဲ့ကို တိုက်ခိုက်ရေး လက်နက်တွေ တပ်ဆင်ပေးထားမယ်လို့ လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြို့အတော်များများကို ISIS လက်နက်ကိုင်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဖာလူဂျာမြို့နားမှာ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တချို့အတွင်း အစိုးရ စစ်ရဟတ်ယာဉ် တစင်း ပစ်ချခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။




