အီရတ်မြောက်ပိုင်း မြို့တွေကို အစိုးရတပ်က ပြန်သိမ်း

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ် အစိုးရ တပ်တွေဟာ ရှီယာ မွတ်ဆလင် တွေနဲ့ ကာ့ဒ် လက်နက်ကိုင် တွေရဲ့ ကူညီ တိုက်ခိုက် ပေးမှုနဲ့ နိုင်ငံ မြောက်ပိုင်းက မြို့ အတော် များများကို ဆူနီတွေ လက်ကနေ ပြန် သိမ်းပိုက် နိုင်ခဲ့ ပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဒီမြို့တွေကို ဆူနီ စစ်သွေးကြွ တွေက သိမ်းပိုက် ထားခဲ့တာ ဖြစ်ပါတယ်။
ဒီသူပုန် တွေရဲ့ ရှေ့တိုး ချီတက် လာနေ တာကို အသစ် ဖွဲ့ထားတဲ့ ရှီယာ လက်နက်ကိုင်တွေ အကူ အညီနဲ့ အစိုးရ တပ်တွေက ဟန့်တား နိုင်ခဲ့ ပြီလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
ဒါပေမယ့်လည်း မိုဆူလ်နဲ့ တစ်ကရစ် မြို့တွေကိုတော့ ဆူနီ စစ်သွေးကြွ တွေက ဆက်လက် ထိန်းချုပ် ထားဆဲ ဖြစ်ပါတယ်။
ဆူနီတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဆီ ကနေ ထွက်ပြေး လာတဲ့ ဒုက္ခသည်တွေ အတွက် အကူ အညီတွေ လိုအပ် နေတယ်လို့ ကုလသမဂ္ဂရဲ့ အီရတ် ဆိုင်ရာ အကြီး အကဲ Nikolay Mladenov က ပြောပါတယ်။




