ထိုင်းရောက် ကမ္ဘောဒီးယား လုပ်သားတွေ ဌာနေပြန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေ ထောင်နဲ့ချီပြီး ဌာနေ ပြန်လာခဲ့ကြပါတယ်။
ထိုင်း စစ်အာဏာပိုင်တွေက တရားမဝင် ပြည်ပ အလုပ်သမားတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့မယ်လို့ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဂိတ်ကနေ တစ်ရက်အတွင်း ကမ္ဘောဒီးယား အလုပ်သမား တစ်သောင်း ခြောက်ထောင် ပြန်သွားခဲ့တယ် ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအို တို့လို အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် ပြည်ပက လာရောက် အလုပ်လုပ်ကိုင်နေသူတွေ အမြောက်အမြားရှိပါတယ်။ ဒါပေမယ့် အများစုက တရားဝင် စာရွက်စာတမ်းတွေ ကိုင်ဆောင်ထားခြင်း မရှိကြပါဘူး။




