ပြုပြင်ပြောင်းလဲရေး အစီအစဉ် ထိုင်းစစ်တပ် ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ စနစ်တွေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ရည်မှန်းချက် ကြီးမားတဲ့ အစီအစဉ်တွေကို ထိုင်းစစ်တပ် အကြီးအကဲက ထုတ်ပြန်လိုက်ပါတယ်။
လာမယ့် စက်တင်ဘာလထက် နောက်မကျဘဲ ကြားဖြတ်အစိုးရ တစ်ရပ် ဖွဲ့စည်းပေးမယ်လို့လည်း ဗိုလ်ချုပ်ကြီး ကျန်အိုချားက ပြောပါတယ်။
ဒါ့အပြင် လူနေမှု စရိတ် ကျဆင်းရေးကို အသေအချာ လောလာ ဆောင်ရွက်မယ်၊ လယ်လုပ်ငန်း အတွက် အမတော်ကြေး ပေးတဲ့ ကိစ္စကို ပြန်စဉ်းစားမယ်၊ ပညာရေးစနစ်နဲ့ ရဲဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
ဘီဘီစီ သတင်းထောက်ကတော့ အခု ထုတ်ပြန်လိုက်တဲ့ အစီအစဉ်တွေဟာ မျှော်လင့်ထားတာထက် အများကြီး ပိုနေတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် နိုင်ငံကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။




