တိန့်ယန်မင် လှုပ်ရှားမှု ၂၅ နှစ်ပြည့် အကြို

ဓာတ်ပုံ ရင်းမြစ်, Getty
မနက်ဖြန် ဇွန်လ ၄ ရက်နေ့ဟာ တရုတ်နိုင်ငံက တိန့်ယန်မင် ရင်ပြင် အရေးတော်ပုံ ဆန္ဒပြပွဲကို အကြမ်းဖက် ဖြိုခွင်း ခံခဲ့ရတဲ့ ၂၅ နှစ်မြောက် နေ့ ဖြစ်တဲ့အတွက် ဘေဂျင်းမှာ လုံခြုံရေး အထူး တင်းကျပ်ထားပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဒါဇင်နဲ့ ချီတဲ့ တက်ကြွ လှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ အနုပညာရှင် တချို့ ထိန်းသိမ်းခံခဲ့ရပါတယ်။
ဒီရက်ပိုင်းမှာ တိန့်ယန်မင် ကိစ္စကို သတင်းရယူခဲ့တဲ့ ပြင်သစ် သတင်းသမား အဖွဲ့တစ်ဖွဲ့ကိုလည်း ၆ နာရီလောက် ထိန်းသိမ်း စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သတင်းရပါတယ်။




