တိန်ယန်မင် ပြတိုက် ဟောင်ကောင်မှာဖွင့်

ဓာတ်ပုံ ရင်းမြစ်, REUTERS
၁၉၈၉ က တရုတ် နိုင်ငံ ဘေဂျင်း မြို့တော် တိန်ယန်မင် ရင်ပြင် ဆန္ဒပြပွဲ တွေအတွင်း အကြမ်းဖက် ဖြိုခွဲမှုကြောင့် သေဆုံးခဲ့သူ တွေအတွက် အမှတ်တရ ပြတိုက်ကို ဟောင်ကောင်မှာ ဖွင့်လှစ် ခဲ့ပါတယ်။
တိန်ယန်မင် ရင်ပြင် ဆန္ဒပြပွဲ အကြောင်း ပြည်မကြီး ဘက်က သတင်း မီဒီယာ တွေမှာ ခုထိ အမှောင်ချ ပိတ်ပင် ထားတုန်း ဖြစ်ပေမယ့် ဟောင်ကောင် မှာတော့ အတော် လွတ်လွတ်လပ်လပ် ထုတ်ဖော် နိုင်ကြ ပါတယ်။
ဒီပြတိုက်ကို တရုတ်ပြည် ဘက်က လူတွေလည်း လာကြည့်နိုင် ကြဖို့ မျှော်လင့်ကြောင်း ပြတိုက် တည်ထောင် တဲ့ ဒီမိုကရေစီ လှုပ်ရှားသူ တွေက ဆိုပါတယ်။
ပြတိုက်ကို လုံခြုံရေး အကြောင်းပြပြီး ပိတ်ပစ်ဖို့ အိမ်နီးနားချင်း တွေက တောင်းဆိုတာတွေရဲ့ နောက်ကွယ်မှာ တရုတ် ကွန်မြူနစ် အရာရှိတွေ ပါဝင်နိုင်တယ်လို့ ဟောင်ကောင်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။




