ယူကရိန်း အစိုးရ ကို ရုရှ ဖိအားပေး

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်း အရှေ့တောင်ပိုင်းက ယူကရိန်း အစိုးရရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အမြန်ဆုံး ရပ်ဆိုင်းဖို့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က တောင်းဆို လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကို ဖုန်းဆက် ပြောကြား ခဲ့တာ ဖြစ်ပြီး အရှေ့တောင်ပိုင်း ဒေသက ကိုယ်စားလှယ်တွေနဲ့ ယူကရိန်း အစိုးရ ဆွေးနွေးပွဲတွေ အမြန် စတင်ဖို့လဲ မစ္စတာ Lavrov က ပြောဆို ခဲ့ပါတယ်။
ဒါပေမဲ့ ပဋိပက္ခတွေ အချိန်ကြာအောင် ရုရှ ဘက်က အချိန်ဆွဲ နေတာ လို့ ယူကရိန်း ခေါင်းဆောင်တွေ ဘက်က ရုရှကို စွပ်စွဲ ခဲ့ပါတယ်။
ရုရှ စွက်ဖက်မှု မပါဘူး ဆိုရင် ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခ တွေဟာ တပတ်ထဲနဲ့ အဆုံးသတ် သွားမှာ ဖြစ်တယ်လို့ ယူကရိန်း ဝန်ကြီးချုပ် Arseniy Yatsenyuk က ပြောကြား ခဲ့ပါတယ်။
ယူကရိန်း နိုင်ငံထဲကို သေနတ်သမား တွေ ဝင်မလာအောင် ရုရှ နယ်စပ်တွေ ပိတ်ထား ပေးဖို့လဲ တောင်းဆို ခဲ့ပါတယ်။




