စနိုးဒန်းကို ဂျွန်ကယ်ရီ ဝေဖန်

ဓာတ်ပုံ ရင်းမြစ်,
အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေး ကို မရင်ဆိုင် ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။
ကိုယ့်နိုင်ငံကို သစ္စာဖောက်ပြီး ရုရှလို အာဏာရှင် နိုင်ငံမှာ ခိုလှုံ နေတဲ့ စနိုးဒန်း အနေနဲ့ ယောက်ျား ပီပီ နဲ့ အမေရိက ပြန်လာသင့်တယ် လို့လဲ မစ္စတာ ကယ်ရီ က ဆိုပါတယ်။
မစ္စတာ စနိုးဒန်း က သူ့ နိုင်ငံကူး လက်မှတ်ကို ပြန်ရုပ်သိမ်း ခဲ့တဲ့ အမေရိကန် အစိုးရကြောင့် ရုရှမှာ ခိုလှုံခွင့် ယူခဲ့ရတာကို ပြစ်တင် ပြောကြား ခဲ့ပြီးနောက် ဂျွန်ကယ်ရီ က ဒီလို တုံ့ပြန် ပြောဆို ခဲ့တာ ဖြစ်ပါတယ်။
သူ့မူလ ရည်ရွယ်ချက်က တောင်အမေရိက ကို သွားဖို့ ဖြစ်တယ်လို့ အမေရိကန် ရုပ်သံ တခုနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ စနိုးဒန်း က ပြောဆို ခဲ့ပါတယ်။
အမေရိကန် အမျိုးသား ထောက်လှမ်းရေး ရဲ့ လျှို့ဝှက် ထောက်လှမ်းရေး မှတ်တမ်း တွေကို မစ္စတာ စနိုးဒန်း က သတင်းစာတွေမှာ မနှစ်က ဖွင့်ချ ခဲ့တာ ဖြစ်ပါတယ်။




