တရုတ်ကို နှစ် ၃၀ ဓာတ်ငွေ့ရောင်းဖို့ ပူတင် သဘောတူ

ဓာတ်ပုံ ရင်းမြစ်, AFP
ရုရှနိုင်ငံဟာ တရုတ်နိုင်ငံကို နှစ်ပေါင်း ၃၀ အတွက် ဓာတ်ငွေ့ နှစ်ရှည် ရောင်းချဖို့ စာချုပ်သစ်တစ်ခုကို သမ္မတ ပူတင်က လက်မှတ် ထိုးလိုက်လို့ သတင်းရရှိပါတယ်။
ဒီကိစ္စကို နှစ်နိုင်ငံကြားမှာ နှစ် အတော်ကြာ ကတည်းက ဆွေးနွေနေ ခဲ့ကြတာ ဖြစ်ပါတယ်။
နှစ် ၃၀ အတွက် ဓာတ်ငွေ့ရောင်းချမယ့် ဒီစာချုပ်ဟာ ဒေါ်လာ ဘီလျံ ၄၀၀ အထက် တန်ကြေးရှိမယ်လို့ ခန့်မှန်းရပြီး အသေးစိတ် စျေးနှုန်းကိုတော့ နှစ်ဘက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
ဒီသတင်းဟာ သမ္မတ ပူတင်ရဲ့ တရုတ်ပြည် ခရီးစဉ် ဒုတိယနေ့မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။




