စစ်ရေးမဟာမိတ် ဖွဲ့မှုတွေကို တရုတ် သတိပေး

ဓာတ်ပုံ ရင်းမြစ်, AP
တရုတ်ကို တန်ပြန်ဖို့အတွက် စစ်ရေးမဟာမိတ် ဖွဲ့တာတွေ မလုပ်ဖို့ သမ္မတ ရှီကျင်ပင်းက တခြား အာရှ နိုင်ငံတွေကို သတိပေးလိုက် ပါတယ်။
အာရှနိုင်ငံတွေဟာ ကိုယ့်ပြသနာကို ကိုယ့်ဖာသာ ဖြေရှင်းသင့်တယ်လို့လည်း သူ့ရဲ့ မိန့်ခွန်းတစ်ခုမှာ ပြောခဲ့ပါသေးတယ်။
ဒီလို ပြောဆိုမှုဟာ ဒေသတွင်း နိုင်ငံတချို့နဲ့ စစ်ရေး မဟာမိတ် ဖွဲ့ထားတဲ့ အမေရိကန် ပြည်ထောင်စုကို ရည်ရွယ် ပြောဆိုပုံ ရပါတယ်။
ဒေသတွင်း ပြသနာတွေကို အင်အားမသုံးဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ တရုတ် သမ္မတက သူ့ရဲ့ မိန့်ခွန်းမှာ ပြောခဲ့ပေမယ့် တရုတ်နဲ့ နယ်နိမိတ် ပြဿနာ ဖြစ်ပွားနေတဲ့ နိုင်ငံတချို့ကတော့ တရုတ်ကသာ ရန်လိုနေတာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။




