တောင်ကိုရီးယား သင်္ဘော အရာရှိတွေကို စွဲချက်တင်

ဓာတ်ပုံ ရင်းမြစ်, AFP
ပြီးခဲ့တဲ့လက နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား ဖယ်ရီ သင်္ဘော ကပ္ပတိန်နဲ့ ထိပ်တန်း သင်္ဘော အရာရှိတွေကို လူသေမှုနဲ့ စွဲချက်တင် လိုက်ပါတယ်။
သူတို့ဟာ Sewol သင်္ဘောကို စွန့်ခွာခဲ့ကြပြီး ခရီးသည်တွေကိုတော့ သင်္ဘောပေါ်မှာ ဆက်နေဖို့ ပြောခဲ့တယ်လို့ စွပ်စွဲခံကြရတာ ဖြစ်ပါတယ်။
နောက်ထပ် သင်္ဘော အဖွဲ့သား ၁၁ ယောက်ကိုလည်း ပေါ့ဆမှုနဲ့ စွဲချက်တင်ထားပါတယ်။
သင်္ဘော တိမ်းမှောက်ခဲ့မှုကြောင့် ဆိုးလ်မြို့တော် အနီး အထက်တန်း ကျောင်းက ကျောင်းသားတွေ အများအပြား အပါအဝင် လူပေါင်း ၂၈၀ ကျော် သေဆုံးခဲ့ရပါတယ်။
အင်ချုန်း Incheon ကနေ ဂျေဂျူး Jeju ကျွန်းကို အသွား ဖယ်ရီ သင်္ဘောပေါ်မှာ ခရီးသည် ၄၇၀ ကျော် လိုက်ပါခဲ့တာ ဖြစ်ပါတယ်။




