ဘေးဆိုးကြုံရတဲ့ Danwon စာသင်ကျောင်း ပြန်ဖွင့်

ဓာတ်ပုံ ရင်းမြစ်, AFP
ခရီးသည်တင် သင်္ဘောမှောက်မှုမှာ ကျောင်းသား အယောက် ၂၅၀ လောက် သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယား စာသင်ကျောင်းဟာ ဒီနေ့ ကြာသပတေးနေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီ ကျောင်းဟာ ဆိုးလ်မြို့ တောင်ဘက်က အန်ဆန် အရပ်မှာရှိတဲ့ ဒန်ဝန် အထက်တန်းကျောင်း ဖြစ်ပြီး အဲဒီ ကျောင်းမှာ အခုလောလောဆယ် သင်ကြားနေတာတွေ ကတော့ ကျောင်းသားတွေရဲ့ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။
ဘေးဆိုးကနေ လွတ်မြောက် အသက်ရှင်ခဲ့တဲ့ ကျောင်းသား ၇၅ ယောက် ကတော့ ကျောင်းပြန် မတက်သေးပါဘူး။
ပင်လယ်မှာ နစ်မြှုပ်နေဆဲ ဖြစ်တဲ့ သင်္ဘောကနေ အလောင်းတွေကို ပြန်ရအောင် ရေငုပ်သမားတွေက ကြိုးစား နေကြဆဲ ဖြစ်ပါတယ်။




