အာဖဂန် ရွေးကောက်ပွဲ

afghan_election_ballots

ဓာတ်ပုံ ရင်းမြစ်, IEC

ဓာတ်ပုံ ပုံစာ, အာဖဂန် ရွေးကောက်ပွဲ မဲပေးကြပုံ

အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲက ထွက်ပေါ်လာနေတဲ့ ရလာဒ်တွေအရ၊ အရင် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Abdullah Abdullah က ဆက်လက် ဦးဆောင်နေမြဲ ဖြစ်ပါတယ်။

မဲတွေရဲ့ ၅၀ ရာနှုန်းကျော် ရေတွက် အပြီးမှာ၊ Dr Abdullah က ၄၄.၄ ရာနှုန်းနီးပါး ရရှိ ထားပါတယ်။

သူနဲ့ အနီးကပ်ဆုံး ပြိုင်ဖက်ကတော့၊ ယခင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း Ashraf Ghani ဖြစ်ပြီး၊ သူလည်း ရေတွက်ပြီးသမျှ မဲတွေရဲ့ ၃၃.၃ ရာခိုင်နှုန်း ရထားပါတယ်။

Dr Abdullah က၊ သူ့အနေနဲ့၊ ပြတ်ပြတ်သားသား အနိုင်ရနိုင်တယ်ဆိုပြီး တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

မဲတွေကို ဧပြီလ ၂၄ ရက်နေ့မှာ အပြီးသတ် ရေတွက်မှာ ဖြစ်ပါတယ်။

အခုတဆင့်မှာ ဘယ်သူမှ မဲတွေရဲ့ ၅၀ ရာခိုင်နှုန်း မရနိုင်ဘူးဆိုရင်၊ နောက်လထဲမှာ ရွေးကောက်ပွဲရဲ့ ဒုတိယ အဆင့် အဖြစ် ထပ်မံ ကျင်းပမှာ ဖြစ်ပါတယ်။