တောင်ကိုရီးယား မာလိန်မှုး ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, NA
ဗုဒ္ဓဟူးနေ့က နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား သင်္ဘောကို မောင်းနှင်ခဲ့တဲ့ မာလိန်မှုး Lee Joon-seok ကို ဖမ်းဆီး လိုက်ပါတယ်။
သူဟာ တာဝန်ပျက်ကွက်မှု၊ ရေကြောင်း ဥပဒေချိုးဖောက်မှုတွေ အပါအဝင်၊ အမှုငါးမှုနဲ့ တရားစွဲဆို ခံရမှာ ဖြစ်ပါတယ်။
သင်္ဘောနစ်မြုပ်ခဲ့ရာ အနီး Mokpo မြို့ တရားရုံးကနေ၊ တခြား သင်္ဘော ဝန်ထမ်း ၂ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားပါတယ်။
အဲဒီ့ ၂ ဦးကိုလည်း ဖမ်းဆီး ထားပြီးပြီလားဆိုတာ သေချာ မသိရသေးပါဘူး။
နစ်မြုပ်သွားခဲ့တဲ့ ကုတို့သင်္ဘော ပေါ်က ခရီးသည် ၂၇၀ နီးပါး ပျောက်ဆဲဖြစ်ပြီး၊ အဲဒီ့အထဲမှာ ကျောင်းတစ်ကျောင်းတည်းက ကျောင်းသူ ကျောင်းသား ကလေးငယ်တွေ အများစုဖြစ်ပါတယ်။
အခုအချိန်ထိ သင်္ော နစ်မြုပ်ခဲ့မှုမှာ ၂၈ ဦး သေဆုံးကြောင်း အတည်ပြု ထားပါတယ်။




