တောင်ကိုရီးယား သင်္ဘောမှောက် လူရာချီ ပျောက်ဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
တောင်ကိုးရီးယားနိုင်ငံမှာ Jeju ဂျေဂျူး အပန်းဖြေ ကျွန်းစုဆီ သွားနေတဲ့ သင်္ဘော တစ်စင်း တိမ်းမှောက် သွားခဲ့အပြီး ခရီးသည် ၃၀၀ လောက် ပျောက်ဆုံးနေတယ်လို့ တောင်ကိုးရီးယား ကမ်းခြေစောင့် အဖွဲ့က ပြောပါတယ်။
သင်္ဘောပေါ် ပါသူ အများစုဟာ လေ့လာရေး ခရီးသွားနေတဲ့ ကျောင်းသားငယ်လေးတွေ ဖြစ်ပါတယ်။
ရေပေါ် ရေအောက် မီးမောင်းတွေ ထိုးပြီး ရေငုပ်သမားတွေနဲ့ တစ်ညလုံး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။
ခရီးသည် ၁၅၀ ကျော် လောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် ပျောက်ဆုံးနေတဲ့ လူ ၃၀၀ လောက်ကတော့ အသက်ရှင် လွတ်မြောက်ဖို့ မျှော်လင့်ချက် တဖြည်းဖြည်း နည်းလာနေပြီ ဖြစ်ပါတယ်။
သေဆုံးသူက အနည်းဆုံး ၄ ဦး ရှိတယ်လို့ အတည်ပြု ပြောဆိုထားပါတယ်။
အသက်ရှင် ကျန်ရစ်မယ့် သူတွေကို သင်္ဘော အတော်များများနဲ့ လိုက်လံ ရှာဖွေနေပြီး သင်္ဘော မှောက်တဲ့ နေရာကို အမေရိကန် စစ်သင်္ဘော တစ်စင်းကိုလည်း စေလွှတ်ထားပါတယ်။
ဒါပေမယ့် မြူတွေ ဖုံးနေပြီး လှိုင်းလုံး ပြင်းထန်နေတဲ့အတွက် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာ အဟန့်အတား ဖြစ်နေရပါတယ်။
တောင်ကိုးရီးယား သမ္မတ ပါ့က် ဂွမ်ဟေးက အခုလို သင်္ဘောမှောက်ပြီး လူတွေ သေရတဲ့အတွက် အထူး ဝမ်းနည်းမိကြောင်း ထုတ်ဖော် ပြောသွားပါတယ်။







