အီဘိုလာ ရောဂါ မာလီနိုင်ငံကို ကူးပြီလား

ဓာတ်ပုံ ရင်းမြစ်, Getty
အနောက် အာဖရိကမှာ အီဘိုလာ Ebola ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်နေကြတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေဟာ မာလီ နိုင်ငံကို ဒီရောဂါ ပျံ့နှံ့လာနေပြီလား ဆိုတာကို အတည်ပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။
မာလီနိုင်ငံမှာ ရောဂါ ကူးစက်ခံရတယ်လို့ သံသယ ရှိတဲ့ လူ ၃ ယောက်ဆီက နမူနာတွေကို ရယူပြီး အမေရိကန်ကို စစ်ဆေးဖို့ ပို့ထားသလို သူတို့ကိုလည်း သီးခြား ခွဲထုတ် ကုသနေပါတယ်။
အိမ်နီးချင်း ဂီနီယာ နိုင်ငံမှာ ဒီရောဂါနဲ့ လူ ၉၀ လောက် သေဆုံးခဲ့ပြီး လိုက်ဘေးရီးယား မှာလည်း ၆ ယောက် သေထားသလို ဆီယာလီယွန်နဲ့ ဂမ်ဘီယာ တို့မှာလည်း ရောဂါ လက္ခဏာတွေ တွေ့နေရတဲ့အတွက် စိုးရိမ်နေကြပါတယ်။
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က Sam Taylor ကတော့ ဒီရောဂါ ကူးစက်ခံရတဲ့ လူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ခုတိုင်းဆို အသက်ဆုံးရှုံးဖို့ သေချာတယ်လို့ ပြောပါတယ်။ အထူး ဂရုစိုက်နိုင်မှာသာ ဒီနှုန်းထားကို လျှော့ချနိုင်မယ်လို့ သူက ပြောပါတယ်။




