ကိုင်ရိုမှာ ဗုံးကွဲမှု ၂ မှုဖြစ် ရဲမှူးချုပ် သေဆုံး

တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးပြီးဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးပြီးဖြစ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့လို့ ရဲမှူးချုပ် တစ်ယောက် သေဆုံး ခဲ့ပြီး နောက်ထပ် ရဲ၀န်ထမ်း ၅ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

ကိုင်ရို တက္ကသိုလ် က အင်ဂျင်နီယာ ပညာရပ် ဌာန ဘက်မှာ အဓိကရုဏ်း ထိန်းသိမ်းတဲ့ ရဲတွေကို ရည်ရွယ်တဲ့ လမ်းဘေး ဗုံး ၂လုံး နဲ့ တိုက်ခိုက်တာ လို့ အီဂျစ် လုံခြုံရေး အရာရှိတွေ က ပြောပါတယ်။

အရင် သမ္မတ မော်စီ ကို စစ်တပ်က ဖြုတ်ချပြီးတဲ့နောက် မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကို ထောက်ခံတဲ့ အဲဒီ တက္ကသိုလ်က ကျောင်းသားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြား အမြဲလို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

စစ်တပ်က သမ္မတကို ဖြုတ်ချ ခဲ့ပြီးတဲ့နောက် အခုလို တိုက်ခိုက် တာတွေကြောင့် ရဲတပ်ဖွဲ့၀င် ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကတော့ ဒါတွေဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းထားပါတယ်။