တရုတ် လုံခြုံရေး ဒုဝန်ကြီး ထိန်းသိမ်းခံရဟု ခန့်မှန်း

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ပြည် ပြည်တွင်း လုံခြုံရေးရုံး ဒုတိယ ဝန်ကြီးဟောင်း Zhou Yongkang ရဲ့ ညီနဲ့ ဇနီး ဖြစ်သူတို့ အထိန်းသိမ်း ခံရတယ်လို့ တရုတ် သတင်းဌာနတွေက ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာ Yongkang ကိုယ်တိုင် အစစ်ဆေးခံနေရတယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုနေမှုတွေဟာ ပိုလို့ များပြားလာပါတယ်။
မစ္စတာ Yongkang ကို အကျင့်ပျက် ခြစားမှုနဲ့ အရေးယူ ခံရနိုင်တယ် ဆိုတဲ့ သတင်းစကားတွေ ထွက်ပေါ်နေခဲ့တာဟာ လ အတန်ကြာပြီ ဖြစ်ပါတယ်။
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း အတော်များများလည်း အစစ်ဆေး အမေးမြန်းခံနေရပြီး မစ္စတာ Yongkang ကိုယ်တိုင် ခြစားမှုနဲ့ ဒီလို အစစ်ဆေးခံနေရတယ် ဆိုတဲ့ သတင်းတွေအပေါ် အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက မဟုတ်ဘူးလို့ မငြင်းပါဘူး။
တကယ်တမ်းသာ မစ္စတာ Yongkang အထိန်းသိမ်း ခံခဲ့ရရင် ဒါဟာ ဒီဘက်ပိုင်း ၁၀ စုနှစ်တွေအတွင်း ဖမ်းဆီး တရားစွဲဆိုခံရတဲ့ နိုင်ငံရေးသမားတွေထဲမှာ သူဟာ ရာထူးအကြီးဆုံး ဖြစ်မှာ ဖြစ်ပါတယ်။




