မွေးကင်းစ ကလေး မှောင်ခိုကွန်ရက် တရုတ် စီးနင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ် နိုင်ငံမှာ ကလေးမှောင်ခို လုပ်တဲ့ ကွန်ရက်ကို ရဲတွေ စီးနင်း နှိမ်နင်းခဲ့မှုအရ ကလေးငယ် ၄၀၀ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီး လူ တစ်ထောင်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။
ရာဇဝတ်မှု ကျူးလွန်သူတွေက သူတို့ကိုယ်သူတို့ ကလေးမွေးစားမှုကို ဆောင်ရွက်တဲ့ တရားမဝင် အေဂျင်စီကလို့ ပြောဆိုပြီး အင်တာနက် ကနေတဆင့် ကလေးတွေကို ရောင်းစားကြတယ်လို့ အရာရှိတစ်ယောက်ကို ကိုးကားဖော်ပြပါတယ်။
နည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်မှုကြောင့် နို့စို့ကလေးငယ်တွေ လူကုန်ကူးခံရတာကို ထိန်းချုပ်နိုင်ဖို့ ပိုခက်ခဲလာတယ်လို့ တရုတ် အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှာ သားယောက်ျားလေးကို ပိုလိုချင်တဲ့ ဓလေ့နဲ့ ကလေးမွေးတဲ့ ဦးရေ ကန့်သတ်ချက်တို့ကြောင့် ကလေး မှောင်ခိုမှုတွေကို အားပေးသလို ဖြစ်ခဲ့ပါတယ်။
ကလေးတွေကို ခိုးယူသူ ဒါမှမဟုတ် ကလေး မိဘတွေဆီက ဝယ်ယူသူတွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။




