တရုတ်နိုင်ငံသား တစုက ဂျပန်ကို လျော်ကြေးတောင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံမှာ အလုပ်သမားအဖြစ် ခိုင်းစေခံရတဲ့ တရုတ် နိုင်ငံသား တစ်စုက လျော်ကြေးတောင်းတဲ့ အမှုကို တရုတ် တရားရုံး တစ်ရုံးက ကြားနာဖို့ လက်ခံလိုက်ပါတယ်။
ဂျပန် ကုမ္ပဏီကြီး ၂ ခုက စာနဲ့ တောင်းပန်ပြီး လျော်ကြေးပေးဖို့ သူတို့က တောင်းဆိုနေတာ ဖြစ်ပါတယ်။
အသက်ရှင်ပြီး ကျန်ရစ်တဲ့ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ ရှေ့နေတွေ ပါဝင်တဲ့ လူပေါင်း ၃၇ ယောက်တို့က တရားစွဲဆိုတာလို့ အစိုးရ မီဒီယာမှာ ဖော်ပြထားပါတယ်။
စစ်အတွင်း ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဂျပန်က အသေအချာ ဝန်မခံဘူးလို့ တရုတ်ဘက်က စွပ်စွဲနေပြီး ဂျပန်ကတော့ စစ်အတွင်း လျော်ကြေးကိစ္စတွေကို အကုန် ဖြေရှင်းပြီးပြီလို့ ဆိုပါတယ်။




