ရိုဟင်ဂျာ ၁၃၀၀ ကို မြန်မာဘက် ပြန်ပို့ခဲ့တယ်လို့ ထိုင်းက ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံ ကနေ ရိုဟင်ဂျာ ၁၃၀၀ ကို မြန်မာ နိုင်ငံဆီ ပြန်ပို့ ပေးခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ထုတ်ဖော် ပြောလိုက် ပါတယ်။
မြန်မာ နိုင်ငံကနေ ထွက်ပြေးပြီး ထိုင်းနိုင်ငံကို ရောက်လာကြသူ အများစုကို ထိန်းသိမ်းရေး စခန်းတွေမှာ ထားခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို မနှစ်က ပြန်ပို့လိုက်တယ် ဆိုပေမယ့် အဲဒီ အကြောင်းနဲ့ ပတ်သက်လို့ သတင်းက အခုမှ ထွက်လာတာပါ။
အဲဒီ လူတွေဟာ မြန်မာ နိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်း ခံရ နိုင်တယ်လို့ လူ့အခွင့် အရေး အဖွဲ့တွေက ဝေဖန် ပြောဆိုကြပါတယ်။




