ရွေးကောက်ပွဲ ရလဒ် ပယ်ဖျက်ဖို့ လျှောက်ထားမှုကို ထိုင်း တရားရုံးက ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ အဓိက အတိုက်အခံ ဒီမိုကရက် ပါတီရဲ့ လျှောက်ထား ချက်ကို ထိုင်း ဖွဲ့စည်းပုံ ဆိုင်ရာ တရားရုံးက ပယ်ချလိုက်ပါတယ်။
ဒီမိုကရက် ပါတီဟာ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့ပြီး ရွေးကောက်ပွဲ မလုပ်ခင် နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲရေးတွေကို အရင် လုပ်ရမယ်လို့ အခိုင်အမာ ပြောကြားနေခဲ့တာ ဖြစ်ပါတယ်။
နေရာ အများအပြားမှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကြောင့် မဲပေးမှုတွေကို ထိခိုက် ပျက်ပြားစေခဲ့ပါတယ်။
အခုလို ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အစိုးရအတွက် အောင်နိုင်မှု တစ်ခုလို့ မြင်ရကြောင်း ဘန်ကောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒါပေမယ့် ဘန်ကောက်မြို့ နေရာ အများအပြားမှာ ဆန္ဒပြမှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။




