တောင်နဲ့ မြောက် ဆွေးနွေးဖို့ မြောက်ကိုရီးယားက ဖိတ်ကြား

ဓာတ်ပုံ ရင်းမြစ်, Reuters
လာမယ့် ဗုဒ္ဓဟူးနေ့မှာ အစိုးရအဆင့် နှစ်ဘက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မြောက်ကိုရီးယားတို့ရဲ့ ဖိတ်ကြားချက်ကို မမျှော်လင့်ဘဲ ရရှိခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံက ပြောကြားလိုက် ပါတယ်။
အခုလို ဖိတ်ကြားချက်ကြောင့် တောင်ကိုရီးယား အနေနဲ့ အံ့အား သင့်ခဲ့ရတယ်လို့ တောင်ကိုရီးယား အရာရှိတစ်ဦးက ပြောပါတယ်။
ဒုတိယ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ၂ နိုင်ငံ နယ်ခြား ပန်မူန်ဂျွမ် ရွာမှာ ပြလုပ်ဖို့ ဖြစ်ပြီး နှစ်နိုင်ငံ အကြား ကိစ္စရပ်အားလုံး အထိ ဆွေးနွေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲ ဖြစ်ခဲ့ရင်တော့ ဒါဟာ ၆ နှစ်အတွင်း တောင်နဲ့ မြောက် နှစ်နိုင်ငံအကြား အဆင့်အမြင့်ဆုံး ဆွေးနွေးပွဲ ဖြစ်မယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အခုအချိန်မှာတော့ ဂျနီဗာ သတင်းစာ ရှင်လင်းပွဲမှာ ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပြုလုပ်မယ့် စစ်ရေး လေ့ကျင်မှုတွကို ဆိုင်းငံ့ထားဖို့ကို တိုက်တွန်းထားပါတယ်။




