ဘင်္ဂလားဒေ့ရှ် အစ္စလာမစ် ပါတီ ဥက္ကဋ္ဌ သေဒဏ်ကျ

သေဒဏ်ချခံရတဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌ နီဇာမီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သေဒဏ်ချခံရတဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌ နီဇာမီ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌကို လက်နက် မှောင်ခိုမှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။

ပါတီ ဥက္ကဋ္ဌ ဖြစ်သူ မော်ရှာ ရာမန် နီဇာမီ (Motiur Rahman Nizami) နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီးဟောင်း တစ်ယောက် အပါအဝင် တခြား အမျိုးသား ၁၃ ယောက်ကို ၂၀၀၄ ခုနှစ်က အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ်က ခွဲထွက်ရေး သူပုန်တွေဆီ လက်နက် ၄ ထောင်ကျော် မှောင်ခို ရောင်းချ ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။

မစ္စတာ နီဇာမီကတော့ သူ့ကို ချတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံ ဝင်မယ်လို့ ပြောပါတယ်။

သူဟာ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက်လည်း တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေရသူ ဖြစ်ပါတယ်။