အီဂျစ် သမ္မတ ရွေးကောက်ပွဲ အရင် ကျင်းပမယ်

ဓာတ်ပုံ ရင်းမြစ်, n
လမ်းပြ မြေပုံသစ် အရ အီဂျစ် သမ္မတ ရွေးကောက်ပွဲ ကို လွှတ်တော် ရွေးကောက်ပွဲ တွေ အရင် ကျင်းပမယ်လို့ အီဂျစ် ကြားဖြတ် အစိုးရ သမ္မတ Adly Mansour က ပြောကြား သွားပါတယ်။
ဒီကြေညာချက် ကြောင့် အီဂျစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Abdel Fattah al-Sisi သမ္မတ ဝင် အရွေးခံလိမ့်မယ် ဆိုတဲ့ တွက်ကိန်း တွေကို ပိုမို ကြီးမား လာစေ ခဲ့ပါတယ်။
သမ္မတဟောင်း မူဘာရက်ကို ဖြုတ်ချ ခဲ့တဲ့ ၃ နှစ်လည် အထိမ်းအမှတ် အဖြစ် ဒီနေ့ ကိုင်ရို မြို့တော်က တာရီယာ ရင်ပြင်မှာ လူထောင်ချီ စုဝေး ပြီး ဗိုလ်ချုပ်ကြီး စီစီကို ဝင်ရောက် အရွေးခံဖို့ တောင်းဆို ခဲ့ကြပါတယ်။
တချိန်တည်း မှာပဲ လုံခြုံရေး တွေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တွေ အကြား ပဋိပက္ခ တွေကြောင့် အီဂျစ် နိုင်ငံ တလွှား အနည်းဆုံး ၄၉ ယောက် သေဆုံး ခဲ့ရပါတယ်။




