ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံးကလပ် စာရင်းထွက်

ဓာတ်ပုံ ရင်းမြစ်, AFP
နာမည်ကျော် ဒီလွိုက် စာရင်းစစ် အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ စပိန်က ရီးယဲလ် မဒရစ် ဟာ ၉ နှစ်ဆက်တိုက် ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံး ကလပ် အသင်း နေရာမှာပဲ ရှိနေပါတယ်။
နံပါတ်၂ နေရာမှာ ဘာစီလိုနာနဲ့ နံပါတ် ၃ နေရာကို ဘိုင်ယန် မြူးနစ် အသင်းတို့က ယူထားပါတယ်။
မန်ယူ အသင်းကတော့ အချမ်းသာဆုံး ၃ သင်း စာရင်းမှာ ဒီနှစ် မပါတော့ပါဘူး။ ဒီလို မပါဝင်တော့တာ ၁၇ နှစ်အတွင်းမှာ ဒီနှစ် ပထမဆုံး ဖြစ်ပါတယ်။




