ဘန်ကောက် ဆန္ဒပြပွဲ ပေါက်ကွဲမှု ထပ်ဖြစ်

thai

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, Victory Monument ဆန္ဒပြ နေရာမှာ ပေါက်ကွဲ

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ပွဲ တွေ အတွင်း ပေါက်ကွဲမှု ၂ ခု ကြောင့် လူ ၃ဝ နီးပါး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ဆန္ဒပြသူတွေ သိမ်းပိုက် ထားတဲ့ Victory Monument မှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားပုံ အသေးစိတ်ကို မသိရ သေးပါဘူး။

သောကြာ နေ့ကလည်း ဆန္ဒပြ လူအုပ်ထဲ လက်လုပ်ဗုံး ပစ်သွင်းမှု ကြောင့် လူ တယောက် သေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

ထိုင်း ဝန်ကြီးချုပ် ရင်လတ် ချင်နာဝပ် အစိုးရ နုတ်ထွက် ပေးရေး ဆန္ဒပြ တောင်းဆို နေသူတွေ က ဘန်ကောက်မြို့ အဓိက လမ်းဆုံ တွေကို တနင်္လာ နေ့ ထဲက ပိတ်ဆို့ ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။