ထိုင်းမြို့တော် ဘန်ကောက်မှာ ဆက်လက် ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, AFP
ထိုင်းမြို့တော် ဘန်ကောက်မှာ အစိုးရဆန့်ကျင်တဲ့သူတွေ ဆက်လက် ဆန္ဒပြနေကြပါတယ်။ မနေ့ကတော့ ဆန္ဒပြသူတွေကြား ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။
ဆန္ဒပြခေါင်းဆောင် ဆူထစ် ထောင်ဆူဘန်ကတော့ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် မနှုတ်ထွက်မချင်း ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ဆန္ဒပြသူတချို့ဟာ ဘန်ကောက်က ရဲဌာနချုပ်ဝင်းအတွင်းကိုလည်း ဝင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက ဘန်ကောက်က အဓိက လမ်းဆုံ လမ်းခွတွေ ကိုလည်း သိမ်းပိုက်ထားကြပါတယ်။
ဝန်ကြီးချုပ် ယင့်လတ်ဟာ အခု လာမယ့် ဖေဖော်ဝါရီ ၂ ရက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပေမယ့် အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကို သပိတ်မှောက် ထားကြပါတယ်။




