text messageတွေ NSAက ခိုးကြည့်နေ

ဘယ်သူ ဘယ်ဝါရဲ့ ဖုန်းမဆို အမေရိကန် ထောက်လှမ်းရေး အဖွဲ့က ခိုးကြည့်နေတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်,

ဓာတ်ပုံ ပုံစာ, ဘယ်သူ ဘယ်ဝါရဲ့ ဖုန်းမဆို အမေရိကန် ထောက်လှမ်းရေး အဖွဲ့က ခိုးကြည့်နေတယ်လို့ ဆို

ထွက်ပြေးတိမ်းရှောင်နေတဲ့ အမေရိကန် ထောက်လှမ်း ရေး Edward Snowden ဆီက နောက်ထပ် ဖွင့်ဟ ဖေါ်ထုတ်ခဲ့မှုတွေအရ NSA အမေရိကန် အမျိုးသား ထောက်လှမ်း ရေး အေဂျင်စီ အဖွဲ့ကြီးဟာ ကမ္ဘာတဝှမ်းက ဖုန်း text message ပေါင်း သန်းနှစ်ရာ နီးပါးလောက်ကို ဘယ်သူဘယ်ဝါ မခွဲပဲ နေ့စဉ် နေ့တိုင်း ကြားဖြတ် စုဆောင်းကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

Dishfire လို့ အမည်ဝှက်ပေးထားတဲ့ NSA စီမံကိန်းတခုအရ အမေရိကန်နိုင်ငံ ပြင်ပ ဖုန်းတွေထဲက ဘယ်လို text message တွေပဲ ရရ ရသမျှ ကြားဖြတ် ကြည့်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံထုတ် ဂါဒီယန် သတင်းစာကြီးနဲ့ Channel Four News သတင်းဌာနတို့က ပြောပါတယ်။

အဲဒီ သတင်း အချက်အလက်တွေထဲကနေ ဖုန်းပိုင်ရှင်တွေ နေထိုင်ရာ နေရာ၊ ဆက်သွယ်နိုင်မယ့် လိပ်စာ၊ ဘဏ်စာရင်း အချက်အလက် အသေးစိတ်တွေကို ထုတ်ယူ စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

NSA အဖွဲ့ကြီးကတော့ သူတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေဟာ ထင်ရာမြင်ရာ အကန့်အသတ် မရှိ လုပ်တဲ့ လုပ်ရပ်မျိုးတွေ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။