ထိုင်းနိုင်ငံရေးသမား တွေကို စွဲဖို့ပြင်

Yingluck
ဓာတ်ပုံ ပုံစာ, အကျပ်ဆိုက် နေတဲ့ ဝန်ကြီးချုပ် ရင်းလတ်

ထိုင်းဖွဲ့စည်းပုံ ဥပဒေကို ပြင်ဖို့ ကြိုးစားတဲ့ နိုင်ငံရေး သမား ၃ဝဝ ကျော်ကို တရားစွဲမယ်လို့ ထိုင်း ခြစားမှု တိုက်ဖျက်ရေးက ဆိုပါတယ်။

ထိုင်းဆီးနိတ် အထက် လွှတ်တော် တခုလုံးကို ရွေးကောက် တင်မြှောက်သူ တွေနဲ့ ခန့်အပ်ဖို့ အာဏာရ Pheu Thai ပါတီက အဆိုပြု ချက်တွေဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ အတိုက်အခံ ဘက်က ကန့်ကွက် ထားပါတယ်။

တရားစွဲ ခံနေရတဲ့သူ အများစုက Pheu Thai ပါတီ က ဖြစ်ပေမယ့် ဝန်ကြီးချုပ် ရင်းလတ် ကိုတော့ တရားစွဲမှာ မဟုတ်ဘူးလို့ ထိုင်း အမျိုးသား ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆိုပါတယ်။