ထိုင်းဆန္ဒပြ သမားတွေ မြို့လယ်ကို ချီတက်

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော် မှာ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူ တွေက မြို့ကို ပိတ်ဆို့ဖို့ ချီတက် လာကြပြီ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ နေထိုင် သွားလာရေးကို မနှောင့်ယှက် ချင်ပေမယ့်လည်း ဘန်ကောက် မြို့လယ် ကိုတော့ ပိတ်ထားဖို့ လိုတယ်လို့ ဆန္ဒပြ ခေါင်းဆောင် SUTHEP THAUGSUBAN က ပြောဆို သွားပါတယ်။
ဆန္ဒပြသူ တွေကတော့ ရင်လတ် ချင်နာဝပ်ရဲ့ အစိုးရကို ဖြုတ်ချရေး အတွက် ဘန်ကောက် မြို့ရဲ့ အရေးကြီးတဲ့ လမ်းဆုံ တွေကို ဒီလကုန်ထိ ပိတ်ဆို့ပြီး ထိုင်သပိတ် ဆင်နွှဲမယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် မစ္စ ရင်းလတ် ကတော့ နောက်လမှာ ရွေးကောက်ပွဲ လုပ်ဖို့ တောင်းဆို ထားပေမယ့် ဆန္ဒပြ သူတွေ ဘက်ကတော့ မရွေးကောက်ဘဲ တင်မြှောက် မယ့် ပြည်သူ့ ကောင်စီ က ကြီးမှူးပြီး နိုင်ငံရေး အပြောင်းအလဲ တွေ လုပ်ချင်ကြတာ ဖြစ်ပါတယ်။




