ဆီးရီးယားက ဓါတုလက်နက်သုံး တိုက်ခိုက်မှုတွေကို ဘန်ကီမွန်းရှုတ်ချ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယားမှာ ဓါတုလက်နက်တွေသုံး တိုက်ခိုက်မှုတွေကို ရှုတ်ချလိုက်ပြီး ဒါဟာ တကမ္ဘာလုံး လက်ခံထားကြတဲ့ လူတွေအပေါ် တန်ဘိုးထား လေးစားမှုကို ဆန့်ကျင် တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မစ္စတာဘန်က ပြောကြား လိုက်ပါတယ်။
ဒီကိစ္စမှာ ပါ၀င် ပတ်သက်တဲ့ သူတွေဟာ သူတို့ကျုးလွန်မှုတွေ အပေါ် တာဝန်ယူရမယ်လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဒမားစကပ်စ်မြို့ ဆင်ခြေဖုံး အရပ်မှာ ရာနဲ့ချီတဲ့ လူတွေ သေဆုံးခဲ့တဲ့ ဓါတုလက်နက်သုံးကြောင်း အတည်ပြုနိုင်ခဲ့တဲ့ တိုက်ခိုက်မှု အပါအ၀င် တိုက်ခိုက်မှု ငါးကြိမ်လောက်မှာ ဓါတုလက်နက် တွေ သုံးခဲ့တယ် ဆိုတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ နောက်ဆုံး အစီရင်ခံကို မစ္စတာဘန်က ညီလာခံမှာ တင်ပြခဲ့ပါတယ်။




