ရုရှား သတင်းဌာနကို ပူတင် ဖျက်သိမ်း

ရုရှားနိုင်ငံပိုင် သတင်း အေဂျင်စီ RIA Novosti ကို သမ္မတ ဗလာဒီမာ ပူတင်က ဖျက်သိမ်းလိုက်ပါတယ်။
အခုလို မမျှော်လင့်ဘဲ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန် ချက်မှာ သတင်းအေဂျင်စီ အသစ် ရုရှားတူဒေးနဲ့ အစားထိုးမှာ ဖြစ်တယ်လို့ သမ္မတက ကြေညာပါတယ်။
အဲဒီ ရုရှားတူဒေး သတင်းဌာနကို သမ္မတရဲ့ လိင်တူ ဆန့်ကျင်ရေးအမြင်ကို ထောက်ခံတဲ့ Dimitry Kiselev က ခေါင်းဆောင်မှာ ဖြစ်ပါတယ်။
ကရင်မလင် နန်းတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က RIA Novosti ကို စီးပွားရေး ပိုဆန်အောင် ပြန်လည် ဖွဲ့စည်းတာ ဖြစ်တယ်လို့ ပြောပါတယ်။
အခု ဖျက်သိမ်းလိုက်တဲ့ RIA Novosti သတင်း အေဂျင်စီဟာ ယခင်က တတ်နိုင်သလောက် သတင်းမျှတအောင် ထုတ်ပြန်ပြီး အတိုက်အခံတွေရဲ့ အမြင်တွေကိုလည်း ထင်ဟပ်စေခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ Voice of Russia ဆိုတဲ့ နိုင်ငံပိုင် အသံလွှင့်ရုံကိုလည်း ပိတ်လိုက်ပါတယ်။




