ဘင်္ဂလားဒေ့ရှ်မှာ ထိပ်တန်း အတိုက်အခံ အဖွဲ့ဝင် သုံးယောက် ထိန်းသိမ်းခံရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဒက်ကာ မြို့တော်မှာ ထိပ်တန်း အတိုက်အခံ အဖွဲ့ဝင် သုံးယောက်ကို ထိန်းသိမ်းခဲ့တယ်လို့ ရဲက ပြောပါတယ်။
တခြား အဖွဲ့ဝင် တော်တော်များများရဲ့ အိမ်တွေလည်း ဝင်ရောက် ရှာဖွေ စီးနင်းခံခဲ့ရပြီး အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာရဲ့ ရုံးအပြင်ဖက်မှာ ရဲတွေ ချထားတယ်လို့ သိရပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ ရာထူးက ဆင်းပေးဖို့ အတိုက်အခံတွေရဲ့ စည်းရုံး လှုပ်ရှားမှုအရ လာမယ့် တနင်္ဂနွေနေ့မှာ နောက်ထပ် သပိတ်မှောက်ဖို့ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အခုလို ဖမ်းဆီး ထိန်းသိမ်းမှုတွေ ဖြစ်ခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်မှာ လာမယ့် ဇန္နဝါရီ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဘတ်မလိုက်တဲ့ ကြားဖြတ် အစိုးရက ကြီးကြပ်ဖို့ အတိုက်အခံတွေက တာဝန်ယူစေချင်တာ ဖြစ်ပါတယ်။
အခု သီတင်းပတ်တွေ အတွင်း ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေး အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ၁၈ယောက် သေဆုံးခဲ့ရပါတယ်။




