ထိုင်ဝမ်မှာ ဆမ်ဆောင်း ဒဏ်တပ်ခံရ

ဆမ်ဆောင်း ကုမ္ပဏီဟာ ထိုင်ဝမ်နိုင်ငံမှာ လူတွေကို ပိုက်ဆံပေး ခန့်ထားပြီး သာမန် ဖောက်သည်တွေ အယောင်ဆောင်ကာ သူ့ရဲ့ ပြိုင်ဖက်ကို ဝေဖန်ခိုင်းတဲ့ အတွက် ဒဏ်ကြေး ဒေါ်လာ သုံးသိန်းကျော် ပေးဆောင်ခဲ့ရ ပါတယ်။
ဆမ်ဆောင်းဟာ သူတို့ ခန့်ထားတဲ့ ဝန်ထမ်းတွေကို သူ့ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ထိုင်ဝမ်ကုမ္ပဏီ HTC ရဲ့ အပြစ်အနာအဆာကို ပြောစေပြီး ဆမ်ဆောင်းကိုတော့ ကောင်းမွန်ကြောင်း ချီးမွမ်းစေတဲ့ မှတ်ချက်တွေကို အင်တာနက်ပေါ်မှာ တင်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ သာမန် ဖောက်သည်တွေ အဖြစ် ဟန်ဆောင်ထားတဲ့ သူ တချို့ ဟာ ဆမ်ဆောင်းရဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။
အခုလို လုပ်ဆောင်မှုဟာ ဆမ်ဆောင် မိုဘိုင်ဖုန်း အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။




