ဓာတုဖျက်သိမ်းရေးအဖွဲ့ အချိန်မီ ပြီးနိုင်

ဆီးရီးယားမှာ ဓာတုလက်နက်တွေ ဖျက်ဆီး ပစ်ဖို့ သတ်မှတ်ထားတဲ့ ရက်အတွင်း အပြီး လုပ်ဆောင်နိုင်မှာပါလို့ နိုင်ငံတကာ ဓာတု လက်နက် ဖျက်သိမ်းရေးအဖွဲ့ OPCW က ပြောပါတယ်။
လတ်တလော လုပ်ဆောင်နေတဲ့ အထဲမှာ တိုးတက် မှုတွေ ရှိပြီး ဆီးရီးယား အစိုးရက ကြေညာထားတဲ့ နေရာ ၂၀ ကျော် ထဲက တစ်ဝက်နီးပါးကို သူတို့ သွားရောက်ခဲ့ပြီးပြီလို့ OPCW က ဆိုပါတယ်။
ဒါပေမယ့် သူတို့ စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ လုံခြုံရေး အရ စိုးရိမ်ရမှုတွေ တိုးလာနေတယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။
တစ်နေရာမှာဆို သူတို့အတွက် လုံခြုံရေး အာမခံချက် မပေးနိုင်တဲ့ အတွက် စစ်ဆေးရေးမှူးတွေကို ပြန်လှည့်ခိုင်းတာ ရှိခဲ့တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။




