စာပေ နိုဘယ်ဆု ကနေဒါ စာရေးဆရာမ ရရှိ

ဒီနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ကနေဒါက စာရေးဆရာမ အဲလစ် မွန်းရို က ဆွတ်ခူးရရှိသွားပါတယ်။
အသက် ၈၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စာရေးဆရာမ မွန်းရိုဟာ ခေတ်ပြိုင် ဝတ္ထုတို ရေးသားရာမှာ ကျွမ်းကျင် ပိုင်နိုင်တယ်လို့ ဒီဆုကို ချီးမြှင့်တဲ့ ဆွီဒစ်ရှ် အကယ်ဒမီ က ပြောပါတယ်။
သူမ မွေးရပ်ဒေသဖြစ်တဲ့ အွန်တာရီယို ကျေးလက်ဒေသက အမျိုးသမီးတွေရဲ့ လူမှုဘဝတွေကို ဇောင်းပေးဖော်ကျူးတဲ့ အကြောင်းအရာတွေ အပါအဝင် အဲလစ်မွန်းရိုဟာ ဒါဇင်နဲ့ချီတဲ့ ဇာတ်လမ်းတွေ ရေးခဲ့သူ ဖြစ်ပြီး ဆုအများအပြားလည်း ဆွတ်ခူး ရရှိခဲ့ပါတယ်။
အခု ရရှိတဲ့ နိုဗယ်ဆုဟာ ဒေါ်လာ ၁.၂၅ သန်းတန် ဖြစ်ပါတယ်။




