ဒီမိုကရက်တစ် ကွန်ဂိုကို ရိုဝမ်ဒါက ပြစ်တင် ရှုတ်ချ

ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံ နယ်စပ်နားမှာ အမြောက်ဆန်တခု ထိမှန်ပြီး အမျိုးသမီး တယောက် သေဆုံးသွားတဲ့ အတွက် ရိုဝမ်ဒါ နိုင်ငံက ပြစ်တင် ရှုတ်ချလိုက်ပြီး သူတို့ အဆိုအရ ဒါဟာ ရန်စမှု ဖြစ်တယ်လို့ ပြောပါတယ်။
ဂိုမာနားက ရူဘာဗူ မြို့စွန်နားက အခင်းဖြစ်ပွားခဲ့ပြီး အဲဒီ အမျိုးသမီးရဲ့ ကလေးလည်း ဒဏ်ရာရသွားတယ်လို့ သတင်းရရှိပါတယ်။
ကွန်ဂို စစ်တပ်က ပစ်ခတ်လိုက်တဲ့ အမြောက်နဲ့ တခြား လက်နက်တွေကြောင့် အခုလို ပစ်ရတာ ဆိုပြီး ရိုဝမ်ဒါက စွပ်စွဲ ပြောကြားထားပါတယ်။
ဒါပေမယ့် ကွန်ဂို အစိုးရက ဒီစွပ်စွဲချက် ကို ငြင်းဆိုခဲ့ပြီး ဒီပစ်ခတ်မှုဟာ M23 သူပုန်တွေရဲ့ လက်ချက်လို့ ပြစ်တင် ပြောဆိုထားပါတယ်။
အဲဒီ ဒေသမှာ ရှိတဲ့ ကုလသမဂ္ဂ တပ်တွေကလည်း ဒီအမြောက်ဆန်တွေဟာ ကွန်ဂိုတပ်တွေရဲ့ ပစ်ခတ်မှု မဟုတ်ဘူး M23 သူပုန်တွေ ဖက်က လာတာလို့ ဆိုပါတယ်။




