အယ်လ်ခိုင်ဒါက တိုက်ခိုက်ဖို့ ကြံစည်

Ayman al-Zawahiri
ဓာတ်ပုံ ပုံစာ, အယ်လ်ခိုင်ဒါ ခေါင်းဆောင်သစ် Ayman al-Zawahiri

အရှေ့ အလယ်ပိုင်းနဲ့ အာဖရိကက အမေရိကန် သံရုံး ၂ဝ လောက်ကို ပိတ်ထားရတဲ့ ကိစ္စ နောက်ကွယ်က ထောက်လှမ်းရေး သတင်း အချက်အလက် တချို့ ပေါ်ထွက် လာပါတယ်။

အယ်လ်ခိုင်ဒါ ခေါင်းဆောင် Ayman al-Zawahiri နဲ့ ယီမင်က အယ်လ်ခိုင်ဒါ အကြီးအကဲ တို့ ပြောဆိုချက် တွေကို ကြားဖြတ် ဖမ်းယူ နိုင်ခဲ့တယ်လို့ အမေရိကန် သတင်း ဌာန တွေက ဆိုပါတယ်။

၂ဝဝ၁ ခုနှစ် စက်တင်ဘာ တိုက်ခိုက်မှု တွေ နောက်ပိုင်း အနောက် အုပ်စု အကျိုး စီးပွားကို ဆန့်ကျင်တဲ့ အကြီးဆုံး ကြံစည်မှု ကို ထုတ်ဖော် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်နိုင်တဲ့ ပစ်မှတ် တွေကို မသိရပေမယ့် အင်အားကြီးတဲ့ တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ယီမင်က အယ်လ်ခိုင်ဒါ အရေး ကျွမ်းကျင်သူ Saeed al-Jamhi ကတော့ တပ်လှန့်မှုက ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။

ဒီနယ်မြေတွေမှာ အထူး ကျွမ်းကျင်ပြီး ဖြစ်တဲ့ အယ်လ်ခိုင်ဒါက သံရုံး ပြန်ဖွင့်ပြီး နောက်လည်း တိုက်ခိုက် နိုင်တယ်လို့ သူက ဆိုပါတယ်။

အာရေဗျ ကျွန်းဆွယ်က အယ်လ်ခိုင်ဒါ ဆီက လာတဲ့ အန္တရာယ် လို့ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေး ဌာန တို့က အတည်ပြု ပါတယ်။