ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်ကို ထောင်သောင်းချီတဲ့ လူတွေ ကြိုဆို

ဘရာဇီး နိုင်ငံ ရီယိုဒီ ဂျနဲရိုးမြို့ကို ပထမဆုံး ပြည်ပ ခရီးအဖြစ် ရောက်ရှိသွားတဲ့ ရိုမန်ကတ်သလစ် ခရစ်ယန် အသင်းတော်ရဲ့ အကြီးအကဲ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်ကို ထောင်သောင်းချီတဲ့ လူတွေက ကြိုဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး အတွက် အထူးစီစဉ်ထားတဲ့ ကျည်ကာ ကားကို သုံးပြီး သွားဖို့ အာဏာပိုင်တွေက အကြံပေး ခဲ့ပေမယ့် ဒါကို ပယ်ချခဲ့ပြီး ပုပ်ရဟန်း မင်းကြီးဟာ ဘေးဖွင့်ကားနဲ့ လမ်းတွေ တလျှောက် လှည့်လည် အကြည်ညို ခံခဲ့ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် ပုပ်ရဟန်းမင်းကြီး သွားရောက်မယ့် Sao Paulo မြို့က ဘာသာရေး အရ အထွတ်အမြတ် ထားတဲ့ နေရာမှာ လက်လုပ် ဗုံးတလုံး တွေ့ရတယ်လို့ ဘရာဇီး ရဲက ပြောပါတယ်။
အာဂျင်တီးနား နိုင်ငံမှာ မွေးဖွားတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာတလွှားက ရိုမန်ကတ်သလစ် တသန်းကျော် တက်ရောက်မယ့် လူငယ် ပွဲတော်ကို ဆင်နွှဲဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။




