ဘာစီလိုးနား တိုက်စစ်မှူးကို တရားစွဲ

Lionel Messi
ဓာတ်ပုံ ပုံစာ, အခွန် ကိစ္စ မသမာတာ မလုပ် ဆိုပြီး ပယ်ချ

ဘာစီလိုးနား အသင်းက နာမည်ကြီး အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi ကို အခွန် လိမ်လည်မှုနဲ့ စပိန် အစိုးရက တရားစွဲ ထားပါတယ်။

သူတို့ သားအဖ အခွန် ငွေ ဒေါ်လာ ၅ သန်း ကျော် ပေးစရာ ရှိတယ်လို့ ကာတာလိုးနီးယား ပြည်နယ် အစိုးရ ရှေ့နေကြီးက ပြောပါတယ်။

အခွန် ကိစ္စ ဘာမှ မသမာတာ မရှိဘူး ၊ ဒီသတင်းကြောင့် အံ့သြမိတယ် ဆိုပြီး Lionel Messi က ပယ်ချ ခဲ့ပါတယ်။

သူတို့ သားအဖ Belize နဲ့ ဥရုဂွေး နိုင်ငံ တွေက ကုမ္ပဏီ တွေ နဲ့ ညှိပြီး ဘောလုံးသမား ပုံ ရောင်းခတွေ အတွက် စပိန်မှာ အခွန် မဆောင်ရအောင် လုပ်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ဇန်နဝါရီ လကပဲ ကမ္ဘာ့ အကောင်းဆုံး ဘောသမား အဖြစ် Messi ကို ၄ နှစ် ဆက်တိုက် စံချိန်တင် ရွေးခဲ့ ပါတယ်။