မြောက်ကိုရီးယား အရာရှိကြီး တရုတ်ပြည်ရောက်

မြောက်ကိုရီးယား နိုင်ငံက စစ်ဘက် ထိတ်တန်း အရာရှိကြီး တဦးဟာ ဘေကျင်း မြို့မှာ တရုတ် အရာရှိကြီး တွေနဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ ပါတယ်။
မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား နဲ့ ဒုံးကျည် စမ်းသပ် မှုတွေ လုပ်ခဲ့လို့ နှစ်နိုင်ငံ ဆက်ဆံရေးတွေ ယိုယွင်း ခဲ့အပြီး အခုလို တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား ကိုယ်စားလှယ် ဖြစ်တဲ့ ချိုယွန်ဟဲကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် နဲ့ ရင်းနှီးသူလို့ ရှုမြင် ကြတာ ဖြစ်ပါတယ်။
ကင်မ် ကိုယ်တိုင် ကတော့ လွန်ခဲ့တဲ့ ၁၇ လ အာဏာ စရချိန်က စလို့ တရုတ် ပြည်ကို လာရောက်ခြင်း မရှိသေးပါဘူး။
တရုတ် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့် ရသူ ကတော့ ကိုရီးယား ကျွန်းဆွယ် အရေးတွေနဲ့ ပတ်သက်လို့ ဆွေးနွေး ဖြစ်ခဲ့ ကြတယ်လို့ ပြောပေမယ့် အသေးစိတ်တော့ ပြောကြား ခဲ့ခြင်း မရှိပါဘူး။
တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်က အမေရိကန် သမ္မတ အိုဘားမားနဲ့ နောက်လမှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ် ဆိုတာကို ကြေညာခဲ့ အပြီးမှာ မြောက်ကိုရီးယား နိုင်ငံ ဘက်က ကိုယ်စားလှယ် တရုတ် နိုင်ငံကို ရောက်လာ ခဲ့တာပဲ ဖြစ်ပါတယ်။




