အဂတိ လိုက်စားမှုနဲ့ အိန္ဒိယ နိုင်ငံမှာ ဝန်ကြီးနှစ်ယောက် ရာထူးက နှုတ်ထွက်

အိန္ဒိယ နိုင်ငံမှာ အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ထိပ်တန်း ဝန်ကြီးနှစ်ယောက် ရာထူးက နှုတ်ထွက်သွားပါတယ်။
မီးရထား ဌာနက ဝန်ထမ်းတယောက်ကို လာဘ်ယူပြီး ရာထူး တိုးပေးမှုနဲ့ တူဖြစ်သူကို ရဲက ဖမ်းဆီးခဲ့ပြီးတဲ့နောက် မီးရထား ဝန်ကြီး Pawan Kumar Bansal ရာထူးက နှုတ်ထွက် သွားတာ ဖြစ်ပါတယ်။
အဲဒီနောက် ကျောက်မီးသွေး လုပ်ငန်းရဲ့ အဂတိ လိုက်စားမှု အကြောင်း ရေးထားတဲ့ အစီရင်ခံစာကို ကလီကမာ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာခဲ့ပြီးတဲ့နောက် လွှတ်တော် အမတ် Ashwani Kumar လည်း ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယမှာ အဂတိ လိုက်စားမှု အရှုတ်တော်ပုံတွေ အတော်များများ ဖြစ်ခဲ့ပြီး ဒါဟာ အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ ကိစ္စ ဖြစ်သလို ၂ဝဝ၉ ခုနှစ်ကတည်းက အာဏာ ရယူထားတဲ့ ကွန်ဂရက်အိုင် ပါတီ ကိုလည်း ဒီဖြစ်ရပ်က အပြင်းအထန် ရိုက်ခတ် သွားစေခဲ့ပါတယ်။




