ဘော်စတွန် မသင်္ကာသူကို ကန် ခြေရာခံခဲ့

ဘော်စတွန် ဗုံးကွဲမှု မသင်္ကာသူ Tamerlan Tsarnaev ကို CIA နဲ့ FBI က လွန်ခဲ့တဲ့ တနှစ်လောက် ထဲက ခြေရာခံ လိုက်ခဲ့ပေမယ့် နောက်ထပ် စုံစမ်းမှု တွေ မလုပ်ခဲ့ဘူးလို့ သတင်း ထွက်လာပါတယ်။
အစ္စလာမ် အစွန်းရောက် ဖြစ်လာတဲ့ Tamerlan ရုရှမှာ တိုက်ခိုက်မှုတွေ လုပ်မှာ စိုးလို့ ရုရှ ဘက်က အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေကို ဆက်သွယ် ခဲ့ပေမယ့် FBI ဘက်က တိုက်ခိုက်မှု လုပ်လာမယ့် သက်သေ အထောက်အထား မတွေ့ရလို့ အမှုပိတ် ခဲ့ပါတယ်။
CIA ဘက်ကလဲ အကြမ်းဖက်မှု အတွက် စောင့်ကြည့်ရမယ့် စာရင်းမှာ ထည့်ထား ပြီးမှ ရုရှဘက်က ရတဲ့ အချက်အလက် တချို့ မမှန်ကန်ဘူး ဆိုတာ တွေ့ခဲ့ရပါတယ်။
အမေရိကန် အရာရှိတွေ ရုရှ နိုင်ငံ ဒါဂတ်စတန်ကို လိုက်သွားပြီး သူတို့ မိဘတွေကို မေးမြန်း စုံစမ်း နေပါတယ်။




