အစ္စရေးလ်ကို ပစ်မထားဘူးလို့ မစ်ရွန်မနီပြော

ဓာတ်ပုံ ရင်းမြစ်, Getty
အမေရိကန် ရီပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီ က အီရန်နိုင်ငံ နျူကလီးယား လက်နက်တွေ မပိုင်ဆိုင်ရေး အတွက် ဟန့်တားဖို့ အမေရိကန် ပြည်ထောင်စုမှာ တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။
အစ္စရေးလ် နိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ရွန်မနီက အစ္စရေးလ် နိုင်ငံရဲ့ ကိုယ်ပိုင်ကာကွယ် နိုင်ခွင့်ကို အမေရိကန်က အသိအမှတ် ပြုတဲ့ အကြောင်းနဲ့ အီရန် ရဲ့ ရည်မှန်းချက် တွေဖြစ်မလာနိုင်ဖို့ နှစ်နိုင်ငံ လက်တွဲပြီး တတ်နိုင်သမျှ ဟန့်တား သွားရမယ်လို့ ပြောပါတယ်။
မစ္စတာ ရွန်မနီက တဟီရန်က ခေါင်းဆောင်တွေဟာ သူတို့ ဘယ်လောက်အထိ ခရီး ရောက်နိုင်မလဲ လို့ အကဲစမ်း နေကြတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
မစ္စတာရွန်မနီက အစ္စရေးလ် ပြည်သူတွေနဲ့ အီရန် ခေါင်းဆောင် တွေအတွက် သတင်းစကား ကတော့ အတူတူ တခုထဲပဲ ဖြစ်ကြောင်း၊ အစ္စရေးလ် အပေါ် ခင်မင် ရင်းနှီးမှုတွေနဲ့ ကတိကဝတ် တွေကြောင့် အမေရိကန် ပြည်ထောင်စုဟာ အစ္စရေးလ် နိုင်ငံကို ဘယ်တော့မှ ပစ်ထားမှာ မဟုတ်တဲ့ အကြောင်း တွေကို ပြောကြားသွား ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲက လာမယ့် နိုဝင်ဘာလမှာ ပြုလုပ် ဖို့ရှိနေပြီး စီးပွားရေး နဲ့ ပတ်သက်လို့ အဓိကထားပြီး ပြိုင်ရမှာ ဖြစ်ပေမယ့်လို့ မစ္စတာ ရွန်မနီ အနေနဲ့ နိုင်ငံခြားရေး မူဝါဒ နဲ့လည်း သူ အိမ်ဖြူတော်ဆီ ခြေလှမ်းနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်တယ်လို့ ဂျေရုဆလင်က ဘီဘီစီ သတင်းထောက်က သုံးသတ် ထားပါတယ်။




