ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းဘုရင် ကိုယ်လုပ်တော်ကို သစ္စာမဲ့လို့ ဆိုပြီး ဖယ်ရှား
ထိုင်းဘုရင် က သူ့ရဲ့ ကိုယ်လုပ်တော်ကို သစ္စာမဲ့လို့ ဆိုပြီး ရာထူး အဆင့်တွေကနေ ဖယ်ရှားလိုက်ပါတယ်။
ဆီနီနတ် ဝုန်ဝချီရာပတ်ကို ကိုယ်လုပ်တော် ရာထူး ပေးသနားပြီး လပိုင်းမှာပဲ ဒီလို ဖယ်ရှားခံရတာ ဖြစ်ပါတယ်။
ဝုန်ဝချီရာပတ်ဟာ သူ့ကိုယ်သူ မိဘုရားအရာရောက်အောင် မြှင့်ဖို့ ကြိုးစားခဲ့တယ် ၊ ဒါဟာ အရိုအသေတန်ပြီး ကျေးဇူးမသိရာရောက်တယ် ဆိုပြီး ထိုင်း တော်ဝင် ဂေဇက်မှာ ဖော်ပြထားပါတယ်။
သြဂုတ်လကပဲ ထိုင်းဘုရင့်နန်းတော်ကနေ ဒီကြင်ယာသစ်ရဲ့ ဓာတ်ပုံတွေ ဒါဇင်နဲ့ချီ ထုတ်ပြန်ခဲ့ပါတယ်။
ဒီပုံတွေထဲမှာ အသက် ၃၄ နှစ် ရှိပြီဖြစ်တဲ့ ဒီစစ်သူနာပြုဟောင်းနဲ့ ဘုရင်နဲ့အတူ ရိုက်ထားတဲ့ပုံတွေလည်း ပါပါတယ်။
ထိုင်းဘုရင် ဝချီရာ လောင်ကွန်ဟာ လေးခါ လက်ထပ်ခဲ့ဖူးပြီး သူ့ရဲ့ ကိုယ်ရံတော်ဟောင်းနဲ့ မေလကမှ လက်ထပ်ခဲ့ပါတယ်။