ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၁၉၈၉ တရုတ် ကျောင်းသားလှုပ်ရှားမှုရဲ့ အထင်ကရဖြစ်ရပ်များ
တရုတ်နိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အစိုးရကို တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေကို တရုတ်အစိုးရက ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ တီယန်နန်မင် ရင်ပြင် အရေးအခင်း နှစ် ၃၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ထွက်ပေါ်လာခဲ့တဲ့ စာရွက်စာတမ်းတွေအရ အဲဒီ တီယန်နန်မင် ရင်ပြင် အရေးအခင်းမှာ လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုနိုင်ပေမဲ့ အခုထိ သေဆုံးသူအရေအတွက်ကို အတိအကျ မသိရသေးပါဘူး။
တရုတ် ကွန်မြူနစ် အစိုးရက တရုတ်သမိုင်းထဲမှာ တီယန်နန်မင် ရင်ပြင် ဖြိုခွင်းမှု အကြောင်း လေသံမှ မဟနိုင်အောင် ပိတ်ပင်ထားပါတယ်။
ကျောင်းသားလှုပ်ရှားမှု ဖြိုခွင်းခံရမှု နှစ်ပတ်လည်ပွဲတွေလည်း မလုပ်နိုင်အောင် ဖိနှိပ်ထားခဲ့ပါတယ်။
အဲဒီလို တရုတ်အစိုးရက သမိုင်းထဲက ဖျောက်ထားချင်တဲ့ ၁၉၈၉ တီယန်နန်မင် ရင်ပြင် ကျောင်းသားလှုပ်ရှားမှုမှာ ဘယ်လို အရေးပါတဲ့ အပြောင်းအလဲတွေ၊ ဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့ပါသလဲ။