ကိုရီးယားမှာ နာမည်ကြီးတဲ့ ခေါက်ဆွဲအေး

ဓာတ်ပုံ ရင်းမြစ်, KOREA SUMMIT PRESS / POOL
ကင်ဂျုံအွန်းရဲ့ သမိုင်းဝင် ခရီးကြောင့် မထင်မှတ်တဲ့ သက်ရောက်မှုကတော့ သူယူလာတဲ့ မြောက်ကိုရီးယား ခေါက်ဆွဲအေး ဖြစ်ပါတယ်။
ခေါင်းဆောင်နှစ်ယောက် လက်ဆွဲနှုတ်ဆက်ပြီးနောက်မှာ ကင်ဂျုံအွန်းက သူ ခေါက်ဆွဲ ဘယ်လို သယ်လာတယ် ဆိုတာ အရွှန်းဖောက် ပြောပါတယ်။
သတင်းတွေ စနည်းနာတော့ လူတွေက အစားအသောက် အကြောင်း တအား ပြောကြတယ်လေ။ ဒါနဲ့ ပြုံယမ်းက ခေါက်ဆွဲအေးကို သမ္မတ မွန်း သုံးဆောင်ဖို့ ယူလာတယ်။ စိတ်တိုင်းကျသာ မြိန်မြိန်ကြီး စားပေတော့လို့ မစ္စတာ ကင်က ရွှင်ရွှင်ပြပြ ပြောပါတယ်။
ခေါက်ဆွဲက အဝေးကြီးက သယ်လာတာလို့လည်း သူက စလိုက် ပါသေးတယ်။
ဒီလိုနဲ့ တောင်ကိုရီးယား ပြည်တဝှမ်း ပြုံယမ်း ခေါက်ဆွဲက နာမည်ကြီးနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YONHAP
လူတွေက ခေါက်ဆွဲအေး ဆိုင်တွေမှာ တန်းစီနေကြပြီး ဒီပုံတွေက ထိပ်သီး ဆွေးနွေးပွဲ ထက်ကို ပိုပြီး စိတ်ဝင်စားနေကြပါတယ်။
ပြုံယမ်း ခေါက်ဆွဲက ပန်းဂျုံနဲ့ လုပ်ပြီး တွစ်တာမှာလည်း ထိပ်ဆုံးက ပြောနေကြပါတယ်။
အင်တာနက်မှာတင်မက အပြင်မှာလည်း ဒီခေါက်ဆွဲ စားဖို့ တန်းစီ စောင့်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NEWS 1
ထိပ်သီး ဆွေးနွေးပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ နေ့လယ်စာကို ခေါက်ဆွဲအေး ဝယ်စားလိုက်တယ် ဆိုပြီး ဆွန်ဂျူးဟန် ဆိုသူက အင်စတာဂရမ်မှာ ရေးပါတယ်။
ဆိုင်မှာလည်း ထိုင်စားစရာ ခုံမရှိ၊ လူတွေ တန်းစီနေကြတော့ အကုန်လုံး ဒါစားဖို့ လာကြတာ နေမှာ လို့လည်း သူကပြောပါတယ်။
ဆိုးလ် မြို့တော် အရှေ့ပိုင်းက ပြုံယမ်း ခေါက်ဆွဲဆိုင်တွေမှာ ကားရပ်စရာ မရှိအောင်ကို အဝယ်ကျ ခဲ့ပါတယ်။
တဆိုင်မှာဆို လူတွေက သူတို့ အလှည့်ရောက်လို့ ခေါ်လိုက်ရင် ဝမ်းပန်းတသာနဲ့ ပြန်အော်ကြတယ် လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NEWS1
တို့ ကင်ဂျုံအွန်းနဲ့အတူ ပြုံယမ်း ခေါက်ဆွဲ စားကြစို့လို့ တယောက်က အော်ပြောပါတယ်။
ပြုံယမ်းက စားသောက်ဆိုင်ကြီး တိုင်းမှာ ဒီခေါက်ဆွဲ ရနိုင်ပါတယ်။
လက်နဲ့လုပ်တဲ့ ခေါက်ဆွဲကို အမဲသား ဝက်သားနဲ့ ကြက်သားပါတဲ့ ဟင်းရည်နဲ့ အအေး စားရတာ ဖြစ်ပါတယ်။
ကင်ချီ ချဉ်ဖတ်နဲ့ သခွားသီး၊ အသားတွေလည်း အပေါ်က ဖြူးပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KOREA SUMMIT PRESS / POOL









